“နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် အောင်မြင်မှု မြန်မြန်ဆန်ဆန်ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ဆာလာ ဝန်ခံ”
12 May
လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဆာလာ က နည်းပြသစ် အာနယ်ဆလော့လက်ထက်မှာ အောင်မြင်မှု မြန်မြန်ဆန်ဆန်ရရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ လီဗာပူးလ်အသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဂျာမန်နည်းပြ ယာဂန်ကလော့ပ်နှင့် လမ်းခွဲပြီးနောက် နယ်သာလန် နည်းပြ အာနယ်ဆလော့ ကို ပြောင်းလဲခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။ အာနယ်ဆလော့ ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးရာသီမှာပင် လီဗာပူးလ် အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဆာလာ က အာနယ်ဆလော့ က ရာသီကြိုကာလမှာကတည်းက မိမိထံမှ မည်သည့်အရာကို မျှော်လင့်နိုင်မလဲလို့ မေးမြန်းခဲ့သလို နည်းပြအဖွဲ့ဝင်များက ပွင့်ပွင့်လင်းလင်းဆွေးနွေးခွင့်ပြုတာကြောင့် မိမိရဲ့စွမ်းဆောင်ရည် ပိုကောင်းလာခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆာလာ က ယခုရာသီမှာ ဥရောပဂိုးသွင်းဘုရင်ဆုကို မျှော်လင့် နိုင်စွမ်းရှိနေပါတယ်။ (NVS 008)