“ဆုကြေးထက် ယုံကြည်မှုက ပိုအရေးကြီးတယ်လို့ ဆိုတဲ့ အမ်မိုရင်”
12 May
ယူရိုပါလိဂ်ဖလားရလို့ ရလာမယ့် ဆုကြေးထက် ချန်ပီယံဆုဖလားရလို့ ဖြစ်ပေါ်လာမယ့် အသင်းအတွင်း ယုံကြည်မှုက ပိုမိုအရေးကြီးတယ်လို့ မန်ယူအသင်းနည်းပြ အမ်မိုရင် က ပြောကြားသွားခဲ့ပါတယ်။ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘီလ်ဘာအိုအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးနောက် အမ်မိုရင်က အခုလို ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘီလ်ဘာအိုအသင်းကို နှစ်ကျော့ပေါင်း ရလဒ် ၇ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးအသင်းတို့ဟာ မေလ ၂၁ ရက် ဘီလ်ဘာအိုအသင်း အိမ်ကွင်းဖြစ်တဲ့ ဆန်မာမက်စ် ကွင်းမှာ ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်မယ့်အသင်းက လာမယ့် ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အပြင် ပေါင် သန်း ၁၀၀ ခန့်ပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အသင်းရဲ့ ဘဏ္ဍာရေးအတွက် ငွေကြေးက လိုအပ်တာမှန်ပေမယ့် ဆုဖလားကို အတူတကွ ရယူနိုင်လို့ ဖြစ်ပေါ် လာမယ့် အသင်းလိုက်ယုံကြည်ချက်က ပိုအရေးကြီးတယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောကြားသွားခဲ့ပါတယ်။ စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို မန်ယူအသင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ ပရိသတ်တွေအတွက် ယူရိုပါလိဂ်ဖလားကို အရယူ ပေးနိုင်ဖို့ လိုအပ်တယ်လို့လည်း မန်ယူအသင်းသားတွေကို နည်းပြအမ်မိုရင်က တောင်းဆိုသွားခဲ့ပါတယ်။ (NVS 008)