“ဗီလာအသင်းရဲ့ ပရီးမီးယားလိဂ်ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့တဲ့ ဝက်ကင်စ်”

12 May

ဗီလာအသင်းတိုက်စစ်မှူး ဝက်ကင်စ် က ဘုန်းမောက်အသင်းနှင့်ပွဲစဉ်မှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။ မေလ ၁၀ ရက်က ကစားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၆ မှာ ဗီလာအသင်းက ဘုန်းမောက်အသင်းကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး အဆိုပါဂိုးကို ဝက်ကင်စ် က ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပို ၆ မိနစ်မှာ သွင်းယူပေးခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဝက်ကင်စ် အနေနဲ့ ပရီးမီးယားလိဂ်မှာ ဗီလာအသင်းအတွက် ၁၈၂ ပွဲကစား၊ ၇၅ ဂိုးသွင်းယူထားပြီး တိုက်စစ်မှူးဟောင်း အဘွန်လဟော် ထက်တစ်ဂိုးအသာနဲ့ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဗီလာအသင်းမှာ ယင်းပွဲအနိုင်ရလဒ်ကြောင့် ရာသီကုန်မှာ အနိမ့်ဆုံးအဆင့် (၇) နေရာရပ်တည်နိုင်ရန် သေချာ သွားပြီး ဥရောပပြိုင်ပွဲ ဝင်ခွင့်တစ်နေရာရရှိမှာ ဖြစ်ပါတယ်။ ဝက်ကင်စ် ရဲ့ ယခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုးပေါင်း ၁၆ ဂိုးအထိ ရှိလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဘရန့်ဖို့ဒ်အသင်းမှ ရောက်ရှိလာတဲ့ ဝက်ကင်စ် က ဗီလာအသင်းနှင့် ၅ ရာသီ စလုံး အနည်းဆုံး လိဂ်ဂိုး ၁၀ ဂိုး ရာသီတိုင်း သွင်းယူခဲ့ပါတယ်။ (NVS 008)

12 May

ADVERTISE HERE .