“ပါကစ္စတန်က အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်မှုကြောင့် အိန္ဒိယဘက်က သင့်လျော်သလို တုံ့ပြန်ရဟုဆို”

12 May

အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့က မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိပြီးနောက် မကြာမီမှာပင် ပါကစ္စတန်ဘက်က ထိုသဘောတူညီချက်ကို ချိုးဖောက်မှုကြောင့် အိန္ဒိယဘက်က သင့်လျော်သလို တုံ့ပြန်လိုက်ရခြင်းဖြစ်သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ပါကစ္စတန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးချိုးဖောက်မှုနှင့် ပတ်သက်၍ သင့်လျော်သလို ကိုင်တွယ် ဖြေရှင်းရန် တောင်းဆိုကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ က ပြောသည်။ အဆိုပါနှစ်နိုင်ငံကြားတွင် အမေရိကန်အစိုးရက ကြားဝင်ဖျန်ဖြေပေးလိုက်သည့်အတွက် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုသဘောတူညီချက်မှာ မေလ ၁၀ ရက် ညနေ ၅ နာရီတွင် စတင် အသက်ဝင်ခြင်း ဖြစ်သည်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက မေလ ၇ ရက်တွင် ဆင်းဒူးစစ်ဆင်ရေးကို စတင် ကြောင်းကြေညာကာ ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများ၏ပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ် ဆောင်သည်။ အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်သမား ၇၀ သေဆုံးကြောင်း၊ ပါကစ္စတန်၏စစ်ရေး ပစ်မှတ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းမရှိကြောင်း အိန္ဒိယအစိုးရကထုတ်ပြန်ထားသည်။ သို့သော် အိန္ဒိယ ၏တိုက်ခိုက်မှုများကို ပါကစ္စတန် က လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်မှုများလုပ်ဆောင်လာသည့်အတွက် နှစ်နိုင်ငံကြားတင်းမာမှု မြင့်တက်လာခြင်း ဖြစ်သည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

12 May

ADVERTISE HERE .