“လားရှိုးမြို့မဈေးကြီးမှာ ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်”
12 May
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့မဈေးကြီးအပါအဝင် မြို့ပေါ်အမှတ်(၁)နှင့် (၃)ရပ်ကွက်တို့တွင် ကျန်းမာရေးပညာပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါကျန်းမာရေးအသိပညာပေးခြင်းအတွက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကာ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို တဆက်တည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါ တယ်။ မေလ ၅ ရက်မှာ လားရှိုးပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး မြို့ပေါ်ရပ်ကွက်များအတွင်း ကျန်းမာရေးအသိပေးခြင်းလုပ်ငန်းစဉ်များကို ကွင်းဆင်း ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ဒါ့အပြင်ကျန်းမာရေးနှင့်ညီညွတ်တဲ့ သောက်သုံးရေးရရှိရေးအတွက် မြို့တွင်းရေပေးဝေရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး၊ လက်ရှိမှာ သောက်သုံးရေသန့်များ ရရှိနိုင်ရန် မြို့နယ်စည်ပင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က စရိတ်မျှပေးစနစ်ဖြင့် ရေဖြန့်ဝေပေးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 004)