“တန်ချိန်ပေါင်း ၆ ဒသမ ၁၆၉၁ တန်ရှိတဲ့ ကျွန်းတံခါး၊ ကျွန်းမျောနှင့်ကျွန်းပါကေးတို့ကို လေလံတင်ရောင်းချပေးမယ်”
12 May
သစ်တောဦးစီးဌာနအနေနဲ့ ကျွန်းတံခါး၊ ကျွန်းမျောနှင့် ကျွန်းပါကေးများကို လေလံတင်ရောင်းချသွားမည် ဖြစ်ကြောင်း သိရပါတယ်။ လေလံတင်ရောင်းချသွားမယ့် ကျွန်းပစ္စည်းများမှာ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့နယ် သစ်တောဦးစီးဌာနရှိ ကျွန်းတံခါးချပ်(အဆံပါ ) ၄၁၀ ချပ် (၄ ဒသမ ၄၅၆၇ တန်)၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီး ဌာနရှိ ပုံစံ(၈)ဝင် ကျွန်းမျော ၃၀ လုံး (၀ ဒသမ ၁၃၄၀ တန်)၊ ကျွန်းပါကေးအကြမ်းတုံး ၁,၁၈၂ တုံး( ၁ ဒသမ ၅၇၈၄ တန်) စုစုပေါင်း (၆ ဒသမ ၁၆၉၁) တန်တို့ကိုလေလံတင်ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် လေလံတင်လျှောက်လွှာများကိုလာမယ့် မေလ ၁၂ ရက် နောက်ဆုံး ထားကာ သစ်တောဦးစီးဌာန၊ ပဲခူးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှာ လျှောက်ထားနိုင်ပြီး မေလ ၁၅ ရက်မှာတော့ ညောင်လေးပင်မြို့ရှိ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံး၌နံနက် ၁၀ နာရီအချိန်တွင် လေလံတင် ရောင်းချသွားမှာဖြစ်တဲ့အတွက် အဆိုပါရုံးသို့ အသေးစိတ်သိရှိနိုင်ရန် ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။ (NVS 004)