“နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံများ တည်ဆောက်ပေးလျက်ရှိ”

12 May

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ဇမ္ဗူသီရိမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင်မြေနေရာမှာ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီ အဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက ယာယီအဆာက်အအုံတွင် အသုံးပြုရန် စက်ရေတွင်း တူးဖော်နေမှုနှင့်နှစ်ခန်းတွဲ လူနေအဆောက်အအုံအလုံး ၃၀ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများသတ်မှတ်ကာလပြီးစီးရေး၊ လျှပ်စစ်မီးအသုံးပြုနိုင်ရေး၊ ဝန်ထမ်းများ စနစ်တကျနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ပါတယ်။ အဲဒီနောက် သက်ဆိုင်ရာက အပြာရောင်အဆင့် သတ်မှတ်ထားသော ဝန်ထမ်းအိမ်ရာများဖြစ်တဲ့ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ တိုက်အမှတ် ၅၃၄၄၊ ၅၃၄၅ ၊ ၅၃၄၆၊ ၅၃၃၇၊ ၅၃၃၈ တိုက်များအားဝန်ကြီးဌာနအစီအစဉ်ဖြင့် လိုအပ်သည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များကို ရင်းနှီးစွာတွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးကဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ဝိုင်းဝန်းစုပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 004)

12 May

ADVERTISE HERE .