"မော်လမြိုင်-ရန်ကုန်ရထားလမ်းပိုင်း ပြင်ဆင်ပြီးစီး၍ နေ့စဉ်အချိန်မှန် ပြန်လည်ပေးဆွဲပေးနေ"
12 May
မော်လမြိုင် - ရန်ကုန် ရထားလမ်းပိုင်း နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာကြားရှိ တံတားကို ယခုလ မေလ ၆ ရက်မှာ မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ၃ ရက်ကြာ ပြင်ဆင်မှုများ ပြုလုပ်ပြီးဖြစ်လို့ အဆိုပါရထားခရီးစဉ်များ နေ့စဥ် အချိန်မှန် ပြန်လည်ပေးဆွဲပေးနေပြီဖြစ်ကြောင်း သိရပါတယ်။မော်လမြိုင် - ရန်ကုန်ရထားခရီးစဉ်အား မေလ ၁၀ ရက်မှ စတင်၍ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် လေအိတ်တွဲဆိုင်းရထားကို စတင်ပြေးဆွဲပေးပါတယ်။ မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ် လက်မှတ်များကို အထက်တန်း ၃ ရက်ကြို၊ ၂ ရက်ကြို၊ ၁ ရက်ကြိုနှင့်ရိုးရိုးတန်း လက်မှတ်များကို ၁ ရက် ကြိုတင်၍ မော်လမြိုင်ဘူတာကြီး ရက်ကြိုလက်မှတ်ရုံမှာ နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ နေ့စဥ်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)
12 May