၂၀၀၃ ခုနှစ်နောက်ပိုင်း ဥရောပအဆင့်ရှုံးထွက်ပွဲစဉ်များတွင် လူစားဝင်၍ နှစ်ဂိုးသွင်းယူနိုင်သည့် ကစားသမား အဖြစ် မေဆင်မောင့် မှတ်တမ်းဝင်

11 May

ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားခဲ့သည့် ဘီလ်ဘာအိုအသင်းနှင့် မန်ယူ အသင်းတို့ပွဲစဉ်တွင် လူစားဝင်ကစားခဲ့ရာမှ နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် မန်ယူအသင်း သမိုင်းတစ်လျှောက် ၂၀၀၃ ခုနှစ် ဒေးဗစ်ဘက်ခမ်း နောက်ပိုင်း ဥရောပအဆင့်ပြိုင်ပွဲ ရှုံးထွက်အဆင့်၌ လူစားဝင်ကစားပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် ပထမဆုံးကစားသမားအဖြစ် မေဆင်မောင့် က မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ မေဆန်မောင့် အနေနဲ့ မန်ယူအသင်းက အိမ်ကွင်းတွင် ဘီလ်ဘာအိုအသင်းကို လေးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည့်ပွဲစဉ်၌ ပွဲချိန် ၆၂ မိနစ်တွင် အသင်းဖော် အူဂါတေး နေရာတွင် လူစားဝင်ကစားခဲ့ပြီးနောက် ပွဲချိန် ၇၂ မိနစ်တွင် အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၉၁ မိနစ်တွင်လည်း ဘီလ်ဘာအိုအသင်းဂိုးသမား ရှေ့ရောက် နေတာကို အခွင့်ကောင်းယူပြီး ကွင်းလယ်မှ အဝေးကန်ချက်ဖြင့် ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်း သမိုင်းတစ်လျှောက် ၂၀၀၃ ခုနှစ်က ဥရောပအဆင့် ရှုံးထွက်အဆင့်ပွဲစဉ်များတွင် လူစားဝင်ကစားခဲ့ပြီး သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့သည့် မှတ်တမ်းကို ဒေးဗစ်ဘက်ခမ်း နောက်ပိုင်း မည်သူမှ စွမ်းဆောင် နိုင်ခြင်းမရှိခဲ့ဘဲ ယခုအခါ မေဆင်မောင့် က လိုက်မီနိုင်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)

11 May

ADVERTISE HERE .