အီတလီစီးရီးအေ တစ်လတာအကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့တဲ့ တော်မီနေး
11 May
အီတလီစီးရီးအေပြိုင်ပွဲတွင် ဧပြီလအတွက် တစ်လတာအကောင်းဆုံး ကစားသမားဆုကို နာပိုလီအသင်း ကွင်းလယ်ကစားသမား တော်မီနေး က ရရှိခဲ့ပါတယ်။ တော်မီနေး ဟာ ပြီးခဲ့တဲ့ဧပြီလအတွင်းမှာ နာပိုလီအသင်း နဲ့ကစားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်များတွင် အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ကာ အီတလီစီးရီးအေပွဲစဉ် လေးပွဲကစားခဲ့ရာတွင် ငါးဂိုးထိသွင်းယူနိုင်ခဲ့ပြီး အမ်ပိုလီအသင်း၊ မွန်ဇာအသင်း၊ တိုရီနိုအသင်းတို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်များတွင် သုံးပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် တစ်လတာ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပါတယ်။ တော်မီနေး အနေနဲ့ ပြီးခဲ့တဲ့နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းမှ နာပိုလီ အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီးနောက် နာပိုလီအသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသလျက်ရှိကြောင်း သိရပါတယ်။(NVS 008)