ရီးရဲလ်မက်ဒရစ်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မည့် အာနိုးလ်

11 May

လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည့် အာနိုးလ် ဟာ ရီးရဲလ်မက်ဒရစ်အသင်းသို့ ငါးနှစ်စာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်သို့ရောက်ရှိရန် သေချာသလောက်ဖြစ်နေတဲ့ အာနိုးလ် အနေနဲ့ ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုမည်ဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြလျက်ရှိပါတယ်။ ရီးရဲလ်အသင်းက အာနိုးလ် ကိုခေါ်ယူရန် ပြီးခဲ့တဲ့နှစ်နွေရာသီမှာ ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အာနိုးလ် ဟာ လီဗာပူးလ်အသင်းအတွက် ၂၀၁၆-၂၀၁၇ မှ လက်ရှိဘောလုံး ရာသီအထိ ကိုးနှစ်အတွင်း ပြိုင်ပွဲစုံ ၃၅၂ ပွဲကစားကာ ၂၃ ဂိုး သွင်းယူထားခဲ့ပါတယ်။ လီဗာပူးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ချန်ပီယံ နှစ်ကြိမ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနှင့် ကလပ်ကမ္ဘာ့ဖလားတစ်ကြိမ်စီ ဆွတ်ခူးရရှိခဲ့ပါတယ်။(NVS 008)

11 May

ADVERTISE HERE .