အက်သလက်တီကိုအသင်းက ကော်ရီယာ ကို ရောင်းထုတ်ရန် စီစဉ်

11 May

အက်သလက်တီကိုအသင်းက တိုက်စစ်ကစားသမား ကော်ရီယာ ကိုရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇွန်လကုန်တွင် အသက် ၃၀ အရွယ် အာဂျင်တီးနားတိုက်စစ်ကစားသမား ကော်ရီယာ ဟာ အက်သလက်တီကိုအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ ကော်ရီယာ အနေနဲ့ လက်ရှိရာသီတွင် အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစားပြီး ခုနစ်ဂိုး သွင်းယူထားပေမယ့် ပွဲအများစုတွင် လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အက်သလက်တီကိုအသင်းက ကော်ရီယာ နဲ့ စာချုပ်သက်တမ်းတိုးလိုခြင်းမရှိဘဲ ပြောင်းရွှေ့ကြေးရနိုင်ရန် လာမည့်နွေရာသီတွင် ရောင်းထုတ်လိုနေခြင်းဖြစ်ကာ အေစီမီလန်၊ ဂါလာတာစာရေးနဲ့ ဆော်ဒီကလပ်အသင်းများက ကော်ရီယာ အားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရပါတယ်။(NVS 008)

11 May

ADVERTISE HERE .