ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပုစွန်ပိဿာ ၇၀,၀၀၀ ခန့် ဧပြီလအတွင်းတင်ပို့ရောင်းချခဲ့

11 May

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ပုစွန်ပိဿာချိန် ၇၀,၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။ ဘိုကလေးမြို့နယ်တွင် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံလုပ်ငန်း လုပ်ကိုင်သူများက ဒေသမှထွက်ရှိတဲ့ ပုစွန်များကိုဝယ်ယူပြီး စနစ်တကျသန့်စင်ကာ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် ပြီးခဲ့တဲ့ မတ်လတစ်လတာကာလအတွင်း ပုစွန်ပိဿာချိန် ၄၅,၀၀၀ ခန့်သာ တင်ပို့ရောင်းချနိုင်ခဲ့ရာမှ ဧပြီလအတွင်းမှာတော့ ပိဿာချိန် ၇၀,၀၀၀ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် ပုစွန်များ၏ဈေးနှုန်းမှာ လတ်ဆတ်မှုနှင့် အရွယ်အစားအပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုးရှိကာ မှာယူမှုများမြင့်တက်နေတဲ့အတွက် အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)

11 May

ADVERTISE HERE .