နိပွန်ဖောင်ဒေးရှင်းက ငလျင်ဘေးခံစားခဲ့ရသူများအတွက် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ အစားအသောက်နှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများလှူဒါန်း

11 May

နိပွန်ဖောင်ဒေးရှင်း အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး မစ္စတာ ယူဂျီမိုရီကို က မေလ ၉ ရက်နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလွင်ဦး နှင့်တွေ့ဆုံကာ မြန်မာနိုင်ငံရှိ ငလျင်ဘေးခံစားခဲ့ရသူများအတွက် အမေရိကန်ဒေါ်လာ ၃ သန်းတန်ဖိုးရှိ အစားအသောက်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ မစ္စတာ ယူဂျီမိုရီ က ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီး ဆုံးရှုံးခဲ့ကြရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် ဝမ်းနည်းကြေကွဲရပါကြောင်းပြောကြားခဲ့ပြီး နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်လှူဒါန်းသည့် အရေးပေါ်အကူအညီများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်ပူးပေါင်း၍ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်မှဒေသအချို့နှင့် နေပြည်တော်ရှိငလျင်ဘေးဒဏ်သင့် ပြည်သူများသို့ ပေးအပ်ရန်စီစဉ်လျက်ရှိမှုကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီး က နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်လျက်ရှိသည့် အကူအညီများနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားခဲ့ပါတယ်။ ထို့နောက် ငလျင်ဒဏ်ကယ်ဆယ်ရေးလုပ်ငန်းများအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတကာအကူအညီများ လိုအပ်လျက်ရှိမှုနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။(NVS 004)

11 May

ADVERTISE HERE .