ရုရှားနှင့်ယူကရိန်းစစ်ပွဲတွင် မြောက်ကိုရီးယားပါဝင်မှု တရားမျှတကြောင်း ကင်ဂျုံအန် ပြောကြား

11 May

ရုရှား-ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယားပါဝင်မှုမှာ တရားမျှတကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က ထုတ်ဖော်ပြောကြားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ရုရှား-ယူကရိန်းစစ်ပွဲကို မိမိတို့ ပါဝင်ရမှုသည် အချုပ်အခြာပိုင်နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးအရ ညီနောင်နိုင်ငံတစ်နိုင်ငံကို အကာအကွယ် ပေးခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် က မေလ ၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယားပါဝင်မှုမှာ မျှတမှုရှိပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ အခွင့်အရေးများထဲတွင် အကျုံးဝင်ကြောင်း ကင်ဂျုံအန် က ပြောကြားခဲ့သည်။ ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း စစ်ရေးပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်လုပ်ဆောင်ခဲ့ကြသည်။ မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းစစ်မြေပြင်၌ ရုရှားတပ်များ အသုံးပြုရေးအတွက် အမြောက်ကျည်နှင့် ခဲယမ်းမီးကျောက်များ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့သလို တပ်ဖွဲ့ဝင်ဦးရေ ၁၅,၀၀၀ ခန့်လည်း စေလွှတ်ပေးခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် နှင့် ရုရှားသမ္မတ ပူတင် တို့သည် ပြီးခဲ့သည့်နှစ်တွင် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။

11 May

ADVERTISE HERE .