ယူကရိန်းသမ္မတက အပစ်အခတ်ချက်ချင်းရပ်စဲရန် အသင့်ရှိဟုဆို

10 May

ယူကရိန်းသမ္မတ ဇီလန်စကီ က ရုရှားနှင့် အပစ်အခတ်ချက်ချင်းရပ်စဲရန် အသင့်ရှိနေတယ်လို့ ပြောကြား ခဲ့သည်။ ထိုအပစ်အခတ်ရပ်စဲရေးကို ယခုချက်ချင်းပင် အကောင်အထည်ဖော်နိုင်ကြောင်း ဇီလန်စကီ က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖုန်းပြောပြီးနောက် ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးကြားဆွေးနွေးမှုက စစ်မှန်ပြီး ရေရှည်ခိုင်မြဲသော အပစ်အခတ်ရပ်စဲရေးရရှိရန် နည်းလမ်းများကို အလေးပေးခြင်းဖြစ်ကြောင်း၊ ရှေ့တန်းတွင်ဖြစ်ပေါ်နေသော အခြေအနေများအပြင် သံတမန်ရေး ဆောင်ရွက်ချက် များနှင့်ပတ်သက်၍လည်း ဆွေးနွေးဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေးသည် အနည်းဆုံး ရက် ၃၀ ကြာသင့်ကြောင်း ဇီလန်စကီ ကပြောထားသည်။ ရုရှားအစိုးရက မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ယူကရိန်းနှင့် ၇၂ နာရီကြာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲသည်ဟု ထုတ်ပြန်ပြီးနောက် ယူကရိန်းသမ္မတက ယခုကဲ့သို့ပြောလာခြင်းဖြစ်သည်။ ရုရှားဘက်က အပစ်အခတ်ရပ်စဲထားစဉ်ကာလအတွင်း ယူကရိန်းဘက်က ရုရှားသို့ ပစ်ခတ်တိုက်ခိုက်မှု အကြိမ်ရေ ၅၀၀ နီးပါးရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

10 May

ADVERTISE HERE .