မန်စီးတီးအသင်းနှင့် လမ်းခွဲပြီးပါက နည်းပြအလုပ်မှ ခေတ္တအနားယူမည်ဖြစ်ကြောင်း ပြောကြား

09 May

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ က အသင်းနှင့်လမ်းခွဲပြီးပါက နည်းပြအလုပ်မှ ခေတ္တအနားယူမည် ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ဂွါဒီယိုလာ ဟာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလမှာ မန်စီးတီးအသင်းနဲ့ ၂ နှစ် သက်တမ်းတိုးစာချုပ် ချုပ်ဆိုထားပြီး အဆိုပါစာချုပ်အရ ၂၀၂၇ ခုနှစ် နွေရာသီအထိ ဆက်ရှိနေမှာဖြစ်ပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်အထိ မန်စီးတီးအသင်းကို ဆက်လက်ကိုင်တွယ်ဖြစ်ပါက ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်း၌ ၁၁ နှစ်အထိ ရှိနေမှာဖြစ်ပြီး သူ့ရဲ့နည်းပြသက်တမ်းတစ်လျှောက် အသင်းတစ်သင်းကို အချိန်အကြာဆုံး တာဝန်ယူမှုအဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်းကို ၂၀၁၆ ခုနှစ်၊ ဇူလိုင်မှစ၍ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ကိုးနှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံ ခြောက်ကြိမ်၊ FA ဖလား နှစ်ကြိမ်၊ လိဂ်ဖလားလေးကြိမ်၊ ကွန်မြူနတီဒိုင်း သုံးကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကလပ်ကမ္ဘာ့ ဖလားတစ်ကြိမ်စီ ရရှိနိုင်အောင် စွမ်းဆောင်ခဲ့တာဖြစ်ပါတယ်။(NVS 008)

09 May

ADVERTISE HERE .