အင်တာမီလန်အသင်းက ယန်ဆွန်မား ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်

09 May

အင်တာမီလန်အသင်းက အသင်းဂိုးသမား ယန်ဆွန်မား ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၆ နှစ်အရွယ် ဂိုးသမား ယန်ဆွန်းမား အနေနဲ့ အသက်အရွယ်ပိုင်းအားဖြင့် ရရှိလာပြီဖြစ်သော်လည်း အကောင်းဆုံးလက်စွမ်းပြထားနိုင်ခဲ့ခြင်းကြောင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂိုးသမား ယန်ဆွန်မား ဟာ အင်တာမီလန်အသင်းနှင့်အတူ ၂၀၂၃-၂၀၂၄ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၈၉ ပွဲ ကစားထားနိုင်ခဲ့တာဖြစ်ပါတယ်။ အင်တာမီလန်အသင်းရဲ့ ထုတ်ပြန်ချက်မှာ ယန်ဆွန်မား နဲ့ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး သူဟာ အသင်းအတွက် ဂိုးသမားကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ စာချုပ်ကိစ္စကို မကြာမီရက်ပိုင်းအတွင်း အပြီးသတ် ချုပ်ဆို နိုင်တော့မှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 008)

09 May

ADVERTISE HERE .