ချဲလ်ဆီးအသင်းက ကွင်းလယ်ကစားသမား ကိုင်စီဒို ကို စာချုပ်သက်တမ်းတိုးရန်စီစဉ်
09 May
ချဲလ်ဆီးအသင်းက အသင်းကွင်းလယ်ကစားသမား ကိုင်စီဒို အား စာချုပ်သက်တမ်းတိုးရန် စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကစားသမား ကိုင်စီဒို ဟာ ချဲလ်ဆီးအသင်းနှင့်အတူ ၂ဝ၂၃-၂၀၂၄ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၈၉ ပွဲကစားပြီး နှစ်ဂိုးသွင်းယူကာ အသင်းရဲ့ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြနိုင် ခဲ့ခြင်းကြောင့် အသင်းက သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် စီစဉ်လာခြင်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက ကိုင်စီဒို နဲ့ စာချုပ်သက်တမ်းတိုးရန် စီစဉ်နေပြီး သူဟာအသင်းအတွက် ကစား သမားကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ အသင်းမှာလည်း ပျော်ရွှင်နေလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 008)
09 May