ဗယ်ဗာဒီ ကို ယူရို သန်း ၁ဝဝ ဖြင့် မန်ယူအသင်းက ကမ်းလှမ်းရန်ပြင်ဆင်
09 May
မန်ယူအသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဗယ်ဗာဒီ ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို သန်း ၁၀၀ အထိပေးချေပြီး ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ မန်ယူအသင်းအနေနဲ့ လာမည့်နွေရာသီမှာ ကွင်းလယ်ကစားသမား အဲရစ်ဆင် က အလွတ်ပြောင်းရွှေ့ ကြေးဖြင့် အသင်းမှထွက်ခွာမှာဖြစ်ပြီး ကက်စ်မဲရိုး ကိုလည်း ရောင်းချရန်ဆုံးဖြတ်ထားပါတယ်။ ဒါ့အပြင် အကယ်ဒမီ ထွက် ကစားသမားတစ်ဦးဖြစ်တဲ့ ကိုဘီမိုင်နူး ကိုလည်း ထိုက်သင့်တဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချရန် ဆုံးဖြတ်ထားလို့ အသင်းကွင်းလယ်ပိုင်းတွင် ဖာနန်ဒက်စ် နဲ့ အူဂါတီ တို့နှစ်ဦးသာ ကျန်ရှိမှာဖြစ်ပါတယ်။ မန်ယူအသင်းက လာမည့်ဘောလုံးရာသီတွင် ကွင်းလယ်ပိုင်းကို အားဖြည့်ရန်ဆုံးဖြတ်ထားပြီး ကွင်းလယ် အဖျက်ပိုင်းတွင်သာမက ခံစစ်ပိုင်းတွင်ပါ နေရာစုံကစားနိုင်တဲ့ ဗယ်ဗာဒီ ကိုခေါ်ယူရန် မြင့်မားတဲ့ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။(NVS 008)