“မေလအတွက် ဆန်ရည်ညွန်းဈေးများ ထုတ်ပြန်”
09 May
၂၀၂၅ ခုနှစ်၊ မေလအတွက် သင့်တင့်မျှတသောဈေးကွက်ဈေးနှုန်း၊ (Reasonable Market Price) (ဆန်ရည်ညွှန်း ဈေးနှုန်းများ)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ပေးခဲ့ပါတယ်။ ပြည်ပတင်ပို့သည့် ဆန်ကြမ်းအုပ်စုများမှာ ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု GW-11 စောရှုပ်၊ ၇၄၇၊ သီးပု၊ နှံကောက် စတဲ့ ဧည့်မထ၊ ငစိန်အုပ်စုဝင် ဆန်ကြမ်းများအနေဖြင့် တစ်အိတ် လျှင် အနိမ့်ဆုံးငွေကျပ် ၆၀,၀၀၀ မှ အမြင့်ဆုံးငွေကျပ် ၇၂,၀၀၀၊ ပြည်ပတင်ပို့ခြင်းနှင့် ပြည်တွင်းစားသုံးမှုရှိတဲ့ ဆန်အုပ်စုများမှာတော့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ နှံကောက်၊ ရွှေမန်း စတဲ့ စားသုံးမှုအရည်အသွေး သင့်တင့်ကောင်းမွန် သောဆန်များအနေနဲ့ ၁၀-၅ ဆန် အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၇၈,ဝဝဝ အသစ်တစ်အိတ်လျှင်ငွေကျပ် ၆၈,၀၀၀ သတ်မှတ်ထားပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် ကောင်းမွန်သောပြည်တွင်းစားသုံးဆန်များမှာ ရွှေသွယ်၊ အညာသား၊ ပခန်း ဆန်များ၊ မှော်ဘီ-၂၊ မှော်ဘီ-၃၊ ဖန်တီးသုခ၊ လုံးသွယ်မွှေး၊ ရက်-၉၀၊ မိုး-မနောသုခ ဆင်းသုခ၊ ဗျော့ထွန်း ဖြစ်ပြီး ၁၀-၅ မှတ်ဆန် အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၉၂,ဝဝဝ၊ အသစ်တစ်အိတ်လျှင်ငွေကျပ် ၇၅,ဝဝဝ၊ ဧရာပဒေသာ၊ ဧရာမင်း(ဧရာဝတီတိုင်းဒေသကြီး) ၁၀-၅ မှတ်ဆန် အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၉၉,ဝဝဝ၊ အသစ်တစ်အိတ်လျှင်ငွေ ကျပ် ၈၉,၀၀၀ သတ်မှတ်ထားပြီး ဧရာမင်း၊ ဧရာပဒေသာ မဂျမ်းတောဆန်များ(မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် မြန်မာနိုင်ငံအထက်ပိုင်းမှထွက်ရှိတဲ့ အရည်အသွေးအထူးကောင်းမွန်သည့် ဆန်များ ၁၀-၅ မှတ်ဆန် အဟောင်း တစ်အိတ်လျှင်ငွေကျပ် ၁၃၃,၀၀၀၊ အသစ်တစ်အိတ်လျှင်ငွေကျပ် ၁၂ဝ,ဝဝဝ၊ ပေါ်ဆန်းအုပ်စု(ဧရာဝတီပေါ်ဆန်းများ) ပထမတန်း အဆင့်မြင့်အဟောင်း တစ်အိတ်လျှင်ငွေကျပ် ၁၂၅,ဝဝဝ၊ အသစ်တစ်အိတ်လျှင်ငွေကျပ် ၁၁၀,၀၀၀ ဒုတိယတန်း အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၁၂၀,၀၀၀၊ ဒုတိယတန်းအသစ်တစ်အိတ်လျှင်ငွေကျပ် ၁၀၇,၀၀၀၊ ပေါ်ဆန်းအုပ်စု(ခွံနီ/ပေါ်ကျွဲ) အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၁ဝ၂,ဝဝဝ၊ အသစ်တစ်အိတ်လျှင်ငွေကျပ် ၉၀,၀၀၀ ပေါ်ဆန်းအုပ်စု(ဘေးကြား၊ ကျားပျံ) ပထမတန်းအဆင့်မြင့် အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၁၃၅,ဝဝဝ၊ အသစ် တစ်အိတ်လျှင်ငွေကျပ် ၁၂၂,၀၀၀၊ ဒုတိယတန်းအသစ်တစ်အိတ်လျှင်ငွေကျပ် ၁၁၇,၀၀၀၊ ရွှေဘိုပေါ်ဆန်း ပထမတန်း အဆင့်မြင့် အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၁၅ဝ,ဝဝဝ၊ အသစ်တစ်အိတ်လျှင်ငွေကျပ် ၁၃၅,၀၀၀၊ ဒုတိယတန်း အဟောင်းတစ်အိတ်လျှင်ငွေကျပ် ၁၄၅,ဝဝဝ၊ ဒုတိယတန်း အသစ်တစ်အိတ်လျှင်ငွေကျပ် ၁၃၀,၀၀၀ ဖြင့် အသီးသီး သတ်မှတ်ခဲ့ပါတယ်။ အဆိုပါ လစဉ်ထုတ်ပြန်သည့်ရည်ညွှန်းဈေးနှုန်းများကို စည်းကမ်းချက်များနှင့်အညီရောင်းချရန်နှင့် ဈေးနှုန်းပို၍ မြှင့်တင်ရောင်းချခြင်း အရည်အသွေးမမှန်မကန်ရောင်းချခြင်း၊ လိုက်နာဆောင်ရွက်မှုမရှိခြင်းတို့အပေါ် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ-၅ အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့်အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်းတို့ဖြင့် ထိရောက်စွာအရေးယူမှုများ ပြုလုပ်နေသောကြောင့် ဆန်စက်များ၊ ဆန်အရောင်းဆိုင်များ၊ ကုန်သည်များနှင့် ဆန်လုပ်ငန်းရှင်များက အလေးအနက်ထား၍ လိုက်နာဆောင်ရွက်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက အသိပေးထားပါတယ်။