“ကျုံပျော်မြို့နယ်တွင် ဒေသထွက်ပဲတီစိမ်းများ အရောင်းအဝယ်ကောင်းမွန်နေ”

09 May

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ဒေသထွက်ပဲတီစိမ်းများ အရောင်းအဝယ် ကောင်းမွန်နေကြောင်းသိရပါတယ်။ ကျုံပျော်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေလပထမပတ်မှ လက်ရှိအချိန်ထိ ပဲတီစိမ်းများ ဝယ်ယူမှုအားကောင်းလာခြင်းက ဒေသထွက်ပဲတီစိမ်းများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားလာခြင်းကြောင့် ဖြစ်ပါတယ်။ ကျုံပျော်ဒေသထွက် ပဲတီစိမ်းတွေကို ဒေသဈေးကွက်အပြင် အခြားဒေသဈေးကွက်များကပါ အဝယ်လိုက်နေ တာဖြစ်ပါတယ်။ ပဲတီစိမ်း ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၆၇,၀၀၀ ထိ ဈေးရရှိနေကာ ကျုံပျော်ဒေသမှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဒေသထွက်လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိသလို ပဲတီစိမ်းအပြင် မတ်ပဲ၊ ပဲစင်းငုံ၊ ပြောင်းနှင့် စပါး၊ ဆန် အစရှိတဲ့ ရာသီ ထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း ကျုံပျော်မြို့နယ် ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံမှ သိရပါတယ်။ (NVS-004)

09 May

ADVERTISE HERE .