“ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲကို ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုရမည်”
09 May
မန္တလေးငလျင်ကြောင့် မန္တလေးမြို့အတွင်းရှိ ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) စာဖြေဌာနများ အဖြစ် အသုံးပြုမည့် တက္ကသိုလ်နှင့်ကျောင်းများ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်တွင် စာမေးပွဲကျင်းပပြုလုပ်ရန် အခက်အခဲများရှိသည့်အတွက် မန္တလေးစာဖြေဌာနအတွက် လျှောက်ထားခဲ့သည့် စာဖြေသူများ Level အားလုံး ရန်ကုန်မြို့တွင် ပြောင်းလဲဖြေဆိုသွားရမည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးစာဖြေဌာနတွင် လျှောက်ထားသူများအနေနဲ့ ရန်ကုန်စာဖြေဌာန၌ ပြောင်းရွှေ့ဖြေဆိုခြင်းမရှိပါက စာမေးပွဲလျှောက်ထားမှုအားပယ်ဖျက်၍ စာမေးပွဲကြေးကို ပြန်လည်ထုတ်ယူ၍ လျှောက်ထားနိုင်ပြီး ပယ်ဖျက်လိုသော စာဖြေသူများအနေနဲ့ Google Form Link >> https://forms.gle/qQP81DXtFtu9prf97 မှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက် ညနေ ၄ နာရီအတွင်း စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ စာမေးပွဲကြေး ပြန်လည်လွှဲပေးသွားမည့်ရက်ကို ထပ်မံကြေညာပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ ကာလအတွင်း Google Form တွင် ပယ်ဖျက်စာရင်းပေးသွင်းထားခြင်းမရှိပါက ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ဖြေဆိုမည့် စာဖြေသူများအဖြစ် စာရင်းသွင်းသတ်မှတ်သွားမှာဖြစ်ပါတယ်။ ရန်ကုန်စာဖြေဌာနတွင် ပြောင်းရွှေ့ ဖြေဆိုမည့်သူများသည် Google Form တွင် ဖြည့်သွင်းရန်မလိုကြောင်းနှင့် ရန်ကုန်စာဖြေဌာနသို့ ပြောင်းလဲဖြေဆိုသူများ အတွက် စာဖြေဌာနနေရာများနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပ ရေးကော်မတီက ကြေညာထားကြောင်း သိရပါတယ်။ (NVS-004)