"စစ်ကိုင်းဒေသမှ နိုင်ငံ့ဝန်ထမ်းနှင့်ဒေသခံပြည်သူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး"
09 May
ငလျင်ဒဏ်သင့် စစ်ကိုင်းဒေသရှိ နိုင်ငံ့ဝန်ထမ်းအပါအဝင် ဒေသခံပြည်သူ ၄,၃၀၁ ဦးကို ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးတိုက်ကျွေးခဲ့ကြောင်း ဒေသအခြေစိုက်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရပါတယ်။ အခုလိုဆေးတိုက်ကျွေးရာမှာ စစ်ကိုင်းမြို့နယ်အတွင်း အခြေစိုက်ဆေးတိုက်တဲ့ စုရပ် ၈ ခု၊ ရွေ့လျား ဆေးတိုက်တဲ့ စုရပ် ၁၀ ခုနဲ့ နိုင်ငံဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအပါအဝင် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သံဃာတော်၊ သီလရှင်များနှင့် ဒေသခံပြည်သူများကို မေလ ၇ ရက်က တိုက်ကျွေးခဲ့ခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စစ်ကိုင်းဒေသအတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တား ကာကွယ်ဆေး(ပထမအကြိမ်)အဖြစ် အသက် ၂ နှစ်မှ ၆ နှစ် ၁,၄၇၈ ဦး၊ အသက် ၆ နှစ်အထက် ၁၉,၈၁၀ ဦး စုစုပေါင်း ၂၁,၂၈၈ ဦးအား တိုက်ကျွေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် သောက်သုံးရေကြောင့်ဖြစ်ပေါ်တတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များက ပြည်သူ ၃၃၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ရေတွင်း/ရေကန် ၇၁ ခုအား ကလိုရင်းဆေးခပ်ခြင်း၊ ရေသန့်ဆေးပြား ၁,၂၀၀ ပေးဝေခြင်း၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 004)