“ကိုရီးယားမှ ခွင့်ပြန်လာသည့် မြန်မာလုပ်သားများ POEA ရုံးသို့ မဖြစ်မနေ သတင်းပို့ရန်အသိပေးထုတ်ပြန်”

09 May

ကိုရီးယားနိုင်ငံမှ ခွင့်ဖြင့်ပြန်လာတဲ့ မြန်မာလုပ်သားများအနေနဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရုံးသို့ မဖြစ်မနေ သတင်းပို့ရမည့်အပြင် ခွင့်ပြုချက်ရရှိမှသာ ပြန်လည်ထွက်ခွာခွင့် ရရှိမည်ဖြစ်ကြောင်း အဆိုပါ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရဲ့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံသို့ သွားရောက် အလုပ်လုပ် ကိုင်လျက်ရှိပြီး မိခင်နိုင်ငံသို့ ခွင့်ဖြင့်ပြန်လာပါက POEA ရုံးသို့ မပျက်မကွက် သတင်းပို့ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြအသိပေးထားခြင်းဖြစ်ပါတယ်။ ထို့အပြင် မိမိတို့ ပြန်လည်ထွက်ခွာရမည့် နေ့ရက်ကို Telegram Link ဖြစ်တဲ့ “Safe Migration” မှာ စောင့်ကြည့်ရမည်ဖြစ်ပြီး “Safe Migration” မှာ မိမိတို့ အမည်စာရင်းပါရှိပါက ပြန်လည်ထွက်ခွာနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားတာကြောင့် အမည်စာရင်းမပါသေးပါက ပြန်လည်ထွက်ခွာ၍ ရနိုင်မည်မဟုတ် ကြောင်း သိရပါတယ်။ (NVS 004)

09 May

ADVERTISE HERE .