“တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၂) ကြိမ်မြောက်အဖြစ် အောက်တိန်း (92) ၁၇,၀၀၀ တန် လှူဒါန်း”
09 May
မန္တလေးမြေငလျင်ကြီးကြောင့် ဖြစ်ပွားခဲ့သည့် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၂) ကြိမ်မြောက်အဖြစ် အောက်တိန်း (92) ၁၇,၀၀၀ တန် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရပါတယ်။အဆိုပါ အောက်တိန်း (92) ၁၇,၀၀၀ တန်တင်ဆောင်လာသည့် သင်္ဘော T YU DONG သည် မေလ ၇ ရက်က ကျောက်တန်းမြို့နယ်၊ Max Energy Terminal သို့ ရောက်ရှိခဲ့ကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့က လွှဲပြောင်း လက်ခံခဲ့ကြောင်း သိရပါတယ်။ (NVS 004)
09 May