“ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်အနေနဲ့ အာမခံထားသည့် ပစ္စည်းပေါ်မူတည်ပြီး ချေးငွေများ လျှောက်ထားနိုင်”

08 May

ကန်ထရိုက်တာများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ CHID Bank တွင် အာမခံထားရှိသည့် ပစ္စည်းအပေါ်မူတည်ပြီး ဆောက်လုပ်ရေးချေးငွေများကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါ တယ်။ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) က လုပ်ငန်းလည်ပတ်ရန် ချေးငွေများလိုအပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများကို Construction Loan အား အာမခံ ထားရှိသည့် ပစ္စည်းအပေါ်မူတည်၍ တွက်ချက်ကာ ချေးငွေထုတ်ချေးပေးမှာဖြစ်ပါတယ်။ ချေးငွေရယူလိုသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် ကန်ထရိုက်တာများအနေနဲ့ မိမိတို့ထားရှိမည့် အာမခံ ပစ္စည်း တန်ဖိုးအပေါ်တွင် တွက်ချက်၍ ချေးငွေပမာဏကို ချေးပေးမှာဖြစ်ပြီး ပြန်လည်ပေးဆပ်ကာလကို လုပ်ငန်း ပရောဂျက်အပေါ်မူတည်၍ ထားရှိပေးမှာဖြစ်ပါတယ်။ ချေးငွေအတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၂ ရာခိုင်နှုန်း သတ်မှတ်ထား ပါတယ်။ CHID Bank ၏ Construction Loan ကို လျှောက်ထားရယူလိုသူများအနေနဲ့ ချေးငွေလျှောက်လွှာနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ် မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူ၊ ဓာတ်ပုံနှစ်ပုံ၊ Audited Financial Statement၊ Management Financial Report၊ Cash Flow အခွန်ပြေစာ သုံးနှစ်၊ ခြောက်လအတွင်း ရိုက်ကူးထားသည့် မြေပုံရာဇဝင် (ပုံစံ၁၀၅၊ ၁၀၆)၊ လုပ်ငန်း/ကုမ္ပဏီနှင့်ပတ်သက်သည့် စာရွက်စာတမ်းအထောက်အထားများ၊ အာမခံပစ္စည်း ဓာတ်ပုံများနှင့် အခြားဆက်စပ် စာရွက်စာတမ်းများ စတဲ့ အထောက်အထားများဖြင့် လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက နီးစပ်ရာ CHID ဘဏ်ခွဲများနှင့် CHID Bank ၏ Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။ (NVS-004)

08 May

ADVERTISE HERE .