“ငလျင်ကြောင့် ပျက်စီးခဲ့တဲ့ မင်းဘူးမြို့၊ နဂါးပွက်တောင်အား ပြန်လည်ပြုပြင်”
08 May
မန္တလေးငလျင်ကြီးကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ နဂါးပွက်တောင်ရှိ ဘုရားခန်းနံရံများ၊ စောင်းတန်း၊ အစ်မတော် မောင်တော်အဆောင်၊ ဘောဂဝတီတန်ဆောင်း မျက်နှာကြက်နှင့် ကွန်ကရစ်အခင်းများ၊ နဂါးရေကန်၊ VIP ရုံးခန်း၊ ဝန်ထမ်းများနားနေဆောင်၊ မန္တလေးဆောင်၊ မုခ်ဦး၊ ရေကန်နှင့် ရေနုတ်မြောင်းများ အက်ကွဲပျက်စီးသွားပြီး ပျက်စီးသွားသည့်နေရာအချို့အား ပြန်လည်ပြုပြင်နိုင်ရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက မေလ ၆ ရက်က ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ မင်းဘူးနဂါးပွက်တောင်သည် သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်ပြီး မကွေးမြသလွန်၊ ရှင်ပင်စက္ကိန်းတဲ၊ မန်းရွှေ စက်တော်၊ ကျောင်းတော်ရာဘုရားများနှင့် ခရီးစဉ်တစ်ဆက်တည်း တည်ရှိနေတာကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနေနဲ့ မကြာခဏ လာရောက်လေ့လာလျက်ရှိပါတယ်။ ဒါကြောင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မေလဒုတိယပတ်မှစပြီး ငလျင်ကြောင့် ပျက်စီး သွားတဲ့နေရာတွေကို ပြန်လည်ပြုပြင်သွားမှာဖြစ်ကြောင်း မင်းဘူးမြို့ နဂါးပွက်တောင် သာယာလှပရေးအဖွဲ့မှ သိရပါတယ်။ (NVS-004)