“အောင်ဆန်းကလပ်ဖိတ်ခေါ်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပမည်”
08 May
အောင်ဆန်းကလပ်က ဦးဆောင်ကျင်းပမယ့် အောင်ဆန်းကလပ်ဖိတ်ခေါ်ဖလား တိုက်ကွမ်ဒိုပြိုင်ပွဲကို သုဝဏ္ဏကွင်းရှိ ဘူယောင်းလေ့ကျင်ရေး အားကစားရုံမှာ မေလ ၉ ရက်မှ ၁၁ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဆိုပါပြိုင်ပွဲမှာ တိုက်ကွမ်ဒိုအားကစားအမျိုးအစားများဖြစ်တဲ့ Poonsae (ကကွက်ပြိုင်ပွဲများ)နှင့် Sparring (အတိုက်ပြိုင်ပွဲ)များကို ထည့်သွင်းကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုပြိုင်ပွဲကို ရန်ကုန်မြို့မှ ကလပ်အသင်းများနှင့် ဧရာဝတီတိုင်းမှကလပ်အသင်းများကို ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် အခုပြိုင်ပွဲမှာ ကလပ်အသင်း ၃၅ သင်းနှင့် ကစားသမား ၁,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)
08 May