“စီရော်နယ်ဒို ရဲ့ ချန်ပီယံလိဂ်စံချိန်ကိုလိုက်မီခဲ့တဲ့ ရာဖင်ညာ”
08 May
ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာ က ချန်ပီယံလိဂ်မှာ တစ်ရာသီအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ စီရော်နယ်လ်ဒို ရဲ့ စံချိန်ကို လိုက်မီခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား ရာဖင်ညာ က အင်တာမီလန် အသင်းကို အချိန်ပိုမှာ ၃ ဂိုး ၄ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် တစ်ဂိုးသွင်းပြီးနောက် ယခုရာသီ ချန်ပီယံလိဂ်သွင်းဂိုးပါဝင်ပတ်သက်မှုမှာ ၂၁ ဂိုးထိ ရှိခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ညာ က ယခုရာသီ ချန်ပီယံလိဂ် ၁၂ ပွဲမှာ ၁၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရာဖင်ညာ က ယခုရာသီပြိုင်ပွဲစုံမှာ ၃၂ ဂိုးသွင်းကာ ၂၅ ဂိုး ဖန်တီးပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)
08 May