“ချန်ပီယံလိဂ်ဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့ PSG”
08 May
ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ PSG အသင်းက အာဆင်နယ် အသင်းကို ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။ PSG အသင်း က ပထမအကျော့ပွဲစဉ်၌ အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အခုပွဲစဉ်မှာ အကောင်းဆုံးဖိအားပေးကစားထားနိုင်ခဲ့ပါတယ်။ PSG အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၇ မိနစ်မှာ ဖာဘီယန်ရုဇ်၊ ပွဲချိန် ၇၂ မိနစ်မှာ ဟာကီမီ ကသွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၇၆ မိနစ် မှာ ဆာကာ က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ PSG အသင်းက အာဆင်နယ်အသင်းကို ၂ ဂိုး ၁ ဂိုးဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းနှင့် PSG အသင်းတို့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ (NVS 008)