“ဘရူနိုဖာနန်ဒက်စ်ကို မန်ယူအသင်းမှာ ဆက်လက်ထိန်းသိမ်းလိုကြောင်း ပြောကြားခဲ့တဲ့ နည်းပြ အာမိုရင်မ်”

08 May

မန်ယူအသင်းနည်းပြ အာမိုရင်မ် က ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသို့ ပြောင်းရွှေ့မယ်လို့ သတင်းထွက်နေတဲ့ အသင်းကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ကို ဆက်လက်ထိန်းထားလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆော်ဒီကလပ်အယ်လ်ဟီလာအသင်းက အသက် ၃၀ အရွယ် ပေါ်တူဂီလက် ရွေးစင်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် ကို တစ်နှစ်လစာ ပေါင် ၆၅ သန်းနဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ အဆိုပါပမာဏမှာ မန်ယူအသင်းတွင် တစ်နှစ်လစာ ပေါင် ၁၅ ဒသမ ၆ သန်းသာ ရရှိနေတဲ့ ဘရူနိုဖာနန်ဒက်စ်အတွက် မက်လောက်စရာ ဖြစ်နေကြောင်း မီဒီယာများက ဖော်ပြနေကြပါတယ်။ ဒါကြောင့် နည်းပြ အာမိုရင်မ် အနေနဲ့ အသင်းမှာ ထိပ်တန်း ကစားသမားတွေ လိုအပ်နေတဲ့ အချိန်ဖြစ်တာကြောင့် ဖာနန်ဒက်စ် ကို အသင်းမှာ ဆက်ရှိနေစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

08 May

ADVERTISE HERE .