“ရန်ကုန်တက္ကသိုလ်ဌာနပေါင်းစုံက စစ်ကိုင်းတောင်ရိုး ငလျင်ဘေးအတွက် အလှူငွေလှူဒါန်း”

08 May

စစ်ကိုင်းမြို့မှ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို အောင်ချက် မြင့်မားရေးသင်ကြားပို့ချပေးမည့် ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ဆရာမများက စစ်ကိုင်းတောင်ရိုးငလျင်ဘေးအတွက် အလှူငွေများ လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ သီတဂူအဓိပတိဆရာတော်ဘုရားကြီးကို ဦးထိပ်ထား၍ ရန်ကုန်တက္ကသိုလ်ဌာနပေါင်းစုံ ပါမောက္ခကထိက ဆရာ/ဆရာမများမှ စစ်ကိုင်းတောင်ရိုးငလျင်ဘေးကြောင့် ပြိုပျက်သွားသော ဘုရား၊စေတီများ ပြုပြင်မွမ်းမံ ရန်အတွက် အလှူတော်ငွေ ၇၅ သိန်းကျပ်ကို လှူဒါန်းခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းအချိန်က ၇ ဒဿမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတက္ကသိုလ်မှာ ထားရှိတဲ့ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် နေပြည်တော်ကောင်စီနယ်မြေ တို့ရှိ အဖြေလွှာများ မီးလောင်ဆုံးရှုံးခဲ့ရသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ပြန်လည်ဖြေဆိုသွားကြရမှာ ဖြစ်ပါတယ်။ အဆိုပါတက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြန်လည်ဖြေဆိုသွားကြ ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီဌာန အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)

08 May

ADVERTISE HERE .