“မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို မေလ ၁၀ ရက်တွင် ပြန်လည်ပြေးဆွဲပေးသွားမည်”

08 May

အကြမ်းဖက်အုပ်စုမှ မိုင်းခွဲဖျက်ဆီးလိုက်သော မော်လမြိုင် - ရန်ကုန်လမ်းပိုင်းရှိ နှင်းပုလဲဘူတာနှင့် တောင်စွန်းဘူတာအကြား ရထားလမ်းတံတားကို ယခုအခါ ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်လျက်ရှိရာ လုပ်ငန်းများ ပြီးစီးတော့မှာ ဖြစ်တာကြောင့် မော်လမြိုင်-ရန်ကုန်ရထားခရီးစဥ်များကို မေလ ၁၀ ရက်မှာ ပြန်လည်ပြေးဆွဲပေးမည် ဖြစ်ကြောင်း မော်လမြိုင်ဘူတာကြီးက အသိပေးထားပါတယ်။မော်လမြိုင်ဘူတာကြီး၏ အဆိုပါထုတ်ပြန်ချက်အရ မေလ ၁၀ ရက်မှာ အမှတ် (၈၂) အစုန်ရထားခရီးစဥ်ကို လေအိပ်ရထားတွဲဆိုင်းဖြင့် မော်လမြိုင်ဘူတာကြီးမှ ထွက်ခွာပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

08 May

ADVERTISE HERE .