“ပဲခူးတိုင်းဒေသကြီးမှ MSME ထုတ်ကုန်များကို အရောင်းယာဉ်ဖြင့် လှည့်လည်ရောင်းချ”
08 May
ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးမှ MSME ထုတ်ကုန်များကို အရောင်းယာဉ်နဲ့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်နဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSME ထုတ်ကုန်များ၊ လူသုံးကုန်၊ စားသုံးကုန်နှင့် မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံကို သက်သာသောဈေးနှုန်းနဲ့ တစ်လတာ လှည့်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက် ခရိုင်မှ MSME ထုတ်ကုန်များကို စုစည်းကာ လာရောက်ရောင်းချပေးခြင်းဖြစ်ပြီး MSME ထုတ်ကုန်ပစ္စည်း ၁၅၀ ကျော် ပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ MSME ထုတ်ကုန်ပစ္စည်းများကို ဝန်ကြီးဌာနများနှင့် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရပ်ကွက်များကို နေ့ရက်အလိုက် ရောင်းချမှုများ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ (NVS 004)