ကုန်ဈေးနှုန်းသတင်း ၇.၅.၂၀၂၅
07 May
မေလ ၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပဲကြီးဈေးကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အခြားပဲအများစုနဲ့ မန်ကျည်းသီး၊ အာလူးဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၈,၁၀၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၈,၂၂၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၀၃၀ ကျပ်ကနေ ၅,၀၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၄,၅၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၇,၀၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၇၃၅ ကျပ်ကနေ ၄,၉၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၇၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၁၅ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၅၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၀၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာ ကို ၅,၀၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၄၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၁,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၅၉၉ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၁၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၅၅ ကျပ်၊ မန္တလေးမှာ ၂,၉၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၆၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၄၀ ကျပ်၊ မန္တလေးမှာ ၃,၀၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၇၀ ကျပ်၊ မန္တလေးမှာ ၂,၅၈၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၅၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၀၅၅ ကျပ်၊ မန္တလေးမှာ ၃,၁၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၃၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၇၁၀,၀၀၀/-) ငါးဆယ် ခုနစ်သိန်း တစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၇,၆၇၀,၀၀၀ိ/-) ခုနစ်ဆယ် ခြောက်သိန်း ခုနစ်သောင်းရှိနေတယ်လို့ သိရပါတယ်။