“စူပါဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ခင်ကျော်ဝင်း ကို ဆုကြေး ၃ သိန်း ချီးမြှင့်ခဲ့တဲ့ ရခိုင်အသင်း”
07 May
ရခိုင်ယူနိုက်တက်အသင်းရဲ့ မြန်မာနေရှင်နယ်လိဂ် အဖွင့်ပွဲစဉ်အတွင်း စူပါဟတ်ထရစ်ဂိုး ၄ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ခင်ကျော်ဝင်း ကို ရခိုင်အသင်းပိုင်ရှင်များက ဆုကြေးငွေ ၃ သိန်း ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ အခုနိုင်ပွဲအတွက် ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင်က အသင်းအတွက် သီးခြားဆုကြေးငွေ ၁၂ သိန်း ကျပ်ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါပွဲစဉ်အတွက် ခင်ကျော်ဝင်း က အကောင်းဆုံး ကစားသမားဆုနှင့် ဆုကြေးငွေ နှစ် သိန်းကျပ် ရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်စစ်မှူး ခင်ကျော်ဝင်း က ယခုနှစ်ရာသီအတွက် ရတနာပုံအသင်းမှ ရခိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပါတယ်။ (NVS 008)
07 May