“ယူရိုပါလိဂ်မှာ ဗိုလ်စွဲတဲ့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပေးတဲ့ စည်းမျဉ်းကို ဖျက်သိမ်းသင့်တယ်လို့ အာစင်ဝင်းဂါး ပြောကြား”
07 May
အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်ဂါး က ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အနေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲမှာ ဗိုလ်လုစွဲတဲ့အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်ပေးတဲ့ စည်းမျဉ်းကို ဖျက်သိမ်းသင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်စေရန် ရည်ရွယ်ပြီး ၂၀၁၅-၂၀၁၆ ရာသီမှစ၍ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာပေးအပ်ခဲ့ပါတယ်။ အဆိုပါစည်းမျဉ်းအတိုင်း ကျင့်သုံးခဲ့တာ ဟာ ဆယ်စုနှစ်တစ်ခုအထိ ကြာမြင့်ခဲ့ပြီး ယခုအခါမှာ အာစင်ဝင်ဂါး က UEFA အနေနဲ့ ပြန်လည်သုံးသပ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)
07 May