“ဘာစီလိုနာ ကို နှစ်ကျော့ပေါင်းရလဒ် ၇ ဂိုး ၆ ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ အင်တာမီလန်”

07 May

မေလ ၇ ရက် နံနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်အဆင့်ပွဲစဉ်မှာ အင်တာမီလန်အသင်းက ဘာစီလိုနာအသင်းကို နှစ်ကျော့ပေါင်း ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အင်တာမီလန်အသင်းအတွက် သွင်းဂိုးတွေကို ပွဲချိန် ၂၁ မိနစ်မှာ မာတီနက်၊ ပထမအချိန်ပိုတစ်မိနစ်မှာ ချာဟာနိုဂလူး၊ ပွဲချိန် ၉၃ မိနစ်မှာ အာချာဘီ၊ ပွဲချိန် ၉၉ မိနစ်မှာ ဖရက်တယ်ဆီတို့က သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၅၄ မိနစ်မှာ အဲရစ်ဂါဆီယာ၊ ပွဲချိန်မိနစ် ၆၀ မှာ အော်လ်မို နှင့် ပွဲချိန် ၈၇ မိနစ်မှာ ရာဖင်ညာ တို့က အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ် ဖြစ်တာနှင့်အညီ အပြန်အလှန်သွင်းဂိုးများနဲ့ စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို အင်တာမီလန်အသင်းအတွက် အရေးပါသော ဂိုးကာကွယ်မှု ၇ အကြိမ်အထိ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဆွန်မား က ရရှိခဲ့ပါတယ်။ (NVS 008)

07 May

ADVERTISE HERE .