“မန္တလေးမြို့ပေါ်နေ ပြည်သူများအတွက် စားသောက်ကုန်များ ဈေးကား ၂ စီးနဲ့ လှည့်လည်ရောင်းချပေးနေ”
07 May
မန္တလေးမြို့နေပြည်သူများ ဆန်၊ ဆီ၊ အသား/ငါး အပါအဝင် စားသောက်ကုန်များကို သက်သာသော နှုန်းထားနဲ့ ဝယ်ယူနိုင်ရေး ဈေးရောင်းကား ၂ စီးနဲ့ လှည့်လည်ရောင်း ချပေးနေနေကြောင်း သိရပါတယ်။ အခုလိုရောင်းချပေးရာမှာ မန္တလေးမြို့ရှိ မြို့နယ် ၆ မြို့နယ်အတွင်း လှည်လည်ရောင်းချပေးနေခြင်းဖြစ်ပြီး မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ (၇၃) လမ်း အခြေခံစားသောက်ကုန်အရောင်းဆိုင် (၁) ၊ ပြည်ကြီး တံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်း၊ (၅၈) လမ်းနှင့် ၅၈(A)လမ်းကြားရှိ အခြေခံစားသောက်ကုန် အရောင်းဆိုင် (၂) တို့ လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများအနေဖြင့် ဆန် ၁ ပြည် ကျပ် ၄,၀၀၀ ၊ ဆီ ၁ ပိဿာ ကျပ် ၈,၅၀၀၊ ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊ ငရုတ်သီးအ ကြမ်းမှုန့် ၁၀ ကျပ်သား ၁,၅၀၀ ကျပ်၊ ကုလားပဲ ၂၅ ကျပ်သား ၁,၈၀၀ ကျပ်၊ ဝက်သား ၁ ပိဿာ ၂၆,၀၀၀ ကျပ်၊ အမဲ ၁ ပိဿာ ၂၅,၀၀၀ ကျပ်၊ ဆိတ်သား ၁ ပိဿာ ၂၈,၀၀၀ ကျပ်၊ ကြက်သား ၁ ပိဿာ ၂၀,၀၀၀ ကျပ်၊ ငါးမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ ကြက်ဥတစ်လုံး ၄၀၀ ကျပ်နှင့် ဘဲဥတစ်လုံး ၅၅၀ ကျပ်တို့နဲ့ အသီးသီးရောင်းချပေးနေကြောင်း သိရပါတယ်။ အဆိုပါ ရောင်းချပေးမှုအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ဈေးနှင့် သားသတ်ဌာနက ကြီးကြပ်ကာ ရောင်းချပေးနေခြင်း ဖြစ်ပါတယ်။ (NVS 004)