“ဘရာဇီးလ်နိုင်ငံမှ လှူဒါန်းတဲ့ အကူအညီပစ္စည်းများ ရောက်ရှိ”

07 May

မန္တလေးငလျင်ကြီးဒဏ်သင့်သူများအတွက် ဘရာဇီးလ်နိုင်ငံမှလှူဒါန်းသည့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီပစ္စည်းများ မေလ ၅ ရက်၊ ည ၇ နာရီခွဲက Korean Air လေကြောင်းလိုင်းမှ Airbus လေယာဉ်ဖြင့် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာခဲ့ကြောင်း သိရပါတယ်။ အဆိုပါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများအား မေလ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ရှိသူများထံသို့ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes က ရန်ကုန်လေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဘရာဇီးလ်နိုင်ငံမှ ငလျင်ဒဏ်သင့်သူများအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ(စုစုပေါင်း ၁၃ ပုံး)ကို ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

07 May

ADVERTISE HERE .