“ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၉ ထောင်ကျော်တင်ပို့နိုင်ခဲ့”
07 May
ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။ အခုလိုတင်ပို့ရာမှာ ပုံမှန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၅၃ သန်းတန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၇,၅၀၇ ဒသမ ၃၁၅ တန်၊ နယ်စပ်လမ်းကြောင်းမှ ဒေါ်လာ ၉ ဒသမ ၀၂ သန်းတန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၁,၆၃၉ ဒသမ ၃ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၆၇၃ သန်း တန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေရပြီး ရန်ကုန်မြို့မှ တစ်ဆင့် ပုံမှန်ရေကြောင်း ကုန်သွယ်မှုမှတင်ပို့နေတဲ့အပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက် တင်ပို့လျက် ရှိကြောင်း သိရပါတယ်။ (NVS 004)