“Sky Villa အဆောက်အဦရှင်းလင်းရာမှ တွေ့ရှိတဲ့ အဖိုးတန်ပစ္စည်းများ ပြန်လည်အပ်နှံပေး”

07 May

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မန္တလေးမြို့ရှိ Sky Villa အဆောက်အဦကို မီးသတ်တပ်ဖွဲ့ဝင်များက မေလ ၆ ရက်မှာလည်း ယန္တရားများနှင့်အတူ ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြပါတယ်။ အခုလို ဖယ်ရှားရှင်းလင်းစဥ် အဆောင်(B)ရဲ့ အခန်းအမှတ်(I9)မှ မြန်မာငွေ ၈၃,၀၀၀,၀၀၀ ကျပ်၊ US ဒေါ်လာ ၁၀၀ တန် အရွက် ၃၀၀၊ တရုတ်ငွေ ၅၀ တန် ၂ ရွက်၊ ၁၀ တန် ၆ ရွက်၊ ထိုင်းဘတ်ငွေ ၂၀ တန် ၇ ရွက်၊ ရွှေ ၁၀ ကျပ်သားတုံး ၁၀ တုံး၊ ၁ ကျပ် ၄ ပဲတုံး ၂ တုံး၊ ၁ ကျပ် ၃ ပဲတုံး ၁ တုံး၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ လက်ကောက်+ဟန်းချိန်း ၂၆ကုံး၊ လက်စွပ် ၃၅ ကွင်း၊ နားကပ် ၁၃ ရံ၊ ဆွဲသီး ၅ ခု၊ ကျောက်စိမ်းပန်းပု ၂ ခု၊ ပုလဲပုတီး ၂ ကုံး၊ ကျောက်စိမ်းပါ လက်စွပ် ၁ ကွင်း၊ iphone ၁ လုံး၊ ipad ၁ လုံး၊ မှတ်ပုံတင် ၃ ခု၊ ဘဏ်စာအုပ် ၉ အုပ်၊ LV ပိုက်ဆံအိတ် ၁ လုံး၊ Dior Cosmetic ၁ ခုနှင့် အရေးကြီးစာရွက်စာတမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် (B)အဆောင်၏ အခန်းအမှတ်(J-9) မှ ရွှေဆွဲကြိုး ၂ ကုံး၊ စိန်နှင့်မြလက်စွပ် ၁ ကွင်း၊ စိန်နားကပ် ၁ ရံ၊ စိန်လက်စွပ် ၂ ကွင်း၊ စိန်ဟန်းချိန်း ၁ ကုံး၊ နာရီ ၁ လုံး၊ Macbook ၁ လုံး၊ Ipad ၁ လုံးနှင့် အဝတ်အစားအိတ် ၂ အိတ် တို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ရှာဖွေတွေ့ရှိခဲ့သည့် ရွှေ၊ ငွေနှင့် အခြားပစ္စည်းများအား မီးသတ်တပ်ဖွဲ့ဝင်များက ပစ္စည်းပိုင်ရှင်၏ မောင်ဖြစ်သူနှင့် ပစ္စည်းပိုင်ရှင်တို့ထံသို့ ပစ္စည်းလက်ခံလွှဲပြောင်းရေးအဖွဲ့နှင့်အတူ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။ ဆက်လက်ပြီး မီးသတ်တပ်ဖွဲ့ဝင်များသည် Sky Villa အဆောက်အဦ၏ အဆောင်(B)၊ အဆောင်(C)နှင့် အဆောင်(D)တို့ကိုဖယ်ရှားရှင်းလင်းစဥ် အဆောင်(B)မှ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ တာကြောင့် နံနက် ၁၁ နာရီ ၂၀ မိနစ်မှာ ပြင်ပသို့သယ်ထုတ်ပေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 004)

07 May

ADVERTISE HERE .