ဟာရီကိန်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုပါက တားဆီးမည်မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်ပြောကြား
04 May
တိုက်စစ်မှူး ဟာရီကိန်း အနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့လိုပါက တားဆီးမည် မဟုတ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဟာရီကိန်း ဟာ ဂျာမန်မြေတွင် ခြေစွမ်းပြနိုင်သော်လည်း ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သတင်းများထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိတွင် ၎င်းကိုခေါ်ယူရန် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်များဖြစ်တဲ့ လီဗာပူးလ်၊ ချဲလ်ဆီးနှင့် မန်ယူအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း တာဝန်ရှိသူများက ၎င်းသာ အမှန်တကယ်ဆန္ဒရှိပါက ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဟာရီကိန်း အနေနဲ့ ၂၀၂၃ ခုနှစ်၊ နွေရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းထံသို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းအတွက် နှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၈၈ ပွဲတွင် ဂိုးပေါင်း ၈၀ အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။(NVS 008)