အိန္ဒိယအစိုးရက ပါကစ္စတန်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် သွင်းကုန်များကိုပိတ်ပင်

04 May

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နိုင်ငံဘက်မှ ဝင်ရောက်လာသော သွင်းကုန်များ၊ ပါကစ္စတန်နိုင်ငံကို ဖြတ်သန်း ဝင်ရောက်လာသည့် သွင်းကုန်များကို ပိတ်ပင်ထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အိန္ဒိယနိုင်ငံက ကတ်ရှ်မီးယားဒေသ၌ ဧပြီလ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်ကို အကြောင်းပြု၍ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေစဉ် ပါကစ္စတန်နိုင်ငံမှ ဝင်ရောက်နေသည့်သွင်းကုန်များကို ပိတ်ပင် ထားခြင်းဖြစ်သည်။ အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေး အကျိုးစီးပွားများအရ ပါကစ္စတန်မှသွင်းကုန်များ ဝင်ရောက်မှုကို ပိတ်ပင်ထားခြင်းဖြစ်ကြောင်း အိန္ဒိယအစိုးရက တွင် သတင်းထုတ်ပြန်ထားသည်။ အိန္ဒိယနိုင်ငံ ကတ်ရှ်မီးယားဒေသ၌ ဧပြီလ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု၌ စစ်သွေးကြွ များအဖြစ် ယူဆရသူများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရသည်။ ယင်းတိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံသားများ ပါဝင်နေကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့ပြီး ပါကစ္စတန်နိုင်ငံအပေါ် သံတမန်ရေးအရ အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဧပြီလ ၂၂ ရက် အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါကစ္စတန်နိုင်ငံ ပါဝင်ပတ်သက်မှုမရှိကြောင်း ပါကစ္စတန်အစိုးရက ပြောကြားထားပြီး ယင်းတိုက်ခိုက်မှုအတွက် နိုင်ငံတကာစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းထားကြောင်း သိရသည်။

04 May

ADVERTISE HERE .