သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းမှု တရုတ်စဉ်းစား

03 May

သွင်းကုန်အခွန်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်၏ကမ်းလှမ်းလာမှုကို စဉ်းစားသုံးသပ်နေ ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက မေလ ၂ ရက် တွင်ပြောသည်။ အမေရိကန်ဘက်မှ အဆင့်မြင့်တာဝန် ရှိသူများက သွင်းကုန်အခွန်ကိစ္စကိုတရုတ်နှင့်ဆွေးနွေးလိုသည်ဟု တိုက်ရိုက်မဟုတ်ဘဲ ကြားလူမှတစ်ဆင့် ပြောဆိုချဉ်းကပ်လာခြင်းဖြစ်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်နိုင်ငံမှသွင်းကုန်များအပေါ် အခွန် ၁၄၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် ထုတ်ပြန်ပြီးနောက် အပြန်အလှန်အနေဖြင့် တရုတ်နိုင်ငံကလည်း အမေရိကန်မှ သွင်းကုန် များကို အခွန် ၁၂၅ ရာခိုင်နှုန်း အထိတိုးမြှင့်ကာ ပို့ကုန်များကိုကန့်သတ်လိုက်ပြီးနောက် ကမ္ဘာ့စီးပွားရေး အင်အားကြီးနှစ်နိုင်ငံကြားတွင် တင်းမာမှုများဖြစ်ပွားလာခြင်း ဖြစ်သည်။ သွင်းကုန်အခွန်ကိစ္စဆွေးနွေးရန် တရုတ် ဘက်က ကမ်းလှမ်းလာသည်ဟု ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်အစိုးရ၏ပြောဆိုမှုကို တရုတ်အစိုးရက ငြင်းပယ်ထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

03 May

ADVERTISE HERE .