ကုန်ဈေးနှုန်းသတင်း ၂.၅.၂၀၂၅

02 May

မေလ ၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲဈေး ဆက်တိုက်မြင့်တက်နေပေမယ့် ပဲအများစုနဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးတွေကတော့‌ ဈေးငြိမ်နေပါတယ်။ ပဲစင်းငုံနီဈေးကတော့ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၇,၅၈၅ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၀၇,၆၁၄ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၄,၉၈၀ ကျပ်ကနေ ၅,၀၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၄,၈၂၁ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၈၅၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၃,၉၁၅ ကျပ်ကနေ ၄,၄၂၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၈၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၃,၆၅၀ ကျပ်ကနေ ၄,၄၂၅ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၄,၇၃၅ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၃,၈၁၅ ကျပ်ကနေ ၃,၉၂၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၁၇၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၈၀၀ ကျပ်ကနေ ၆,၃၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၂၅၀ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၇၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၈၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၄၀၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၉၅၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၂၀၀ ကျပ်၊ ငါးကျည်းကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၅၅,၀၀၀ ကျပ်ကနေ ၈၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၁၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၇၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၈၅၅ ကျပ်၊ မန္တလေးမှာ ၂,၉၉၅ ကျပ်၊ နေပြည်တော်မှာ ၂,၉၆၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၂,၉၄၀ ကျပ်၊ မန္တလေးမှာ ၃,၀၅၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၂၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၄၇၀ ကျပ်၊ မန္တလေးမှာ ၂,၅၈၅ ကျပ်၊ နေပြည်တော်မှာ ၂,၅၅၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၀၅၅ ကျပ်၊ မန္တလေးမှာ ၃,၁၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၃၀ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၆၇၀,၀၀၀/-) ငါးဆယ် ခြောက်သိန်း ခုနစ်သောင်းကျပ် ရှိပြီး ပြင်ပပေါက် ဈေးမှာ ကျပ်သိန်း (၇,၄၀၀,၀၀၀ိ/-) ခုနစ်ဆယ် လေးသိန်း ရှိနေတယ်လို့ သိရပါတယ်။

02 May

ADVERTISE HERE .