“ယူကရိန်းက ရုရှားသို့နယ်မြေများပေးရန်ဆန္ဒရှိဟု ထရမ့်ကိုယ်စားလှယ်ပြော”

02 May

ယူကရိန်းက ရုရှားနိုင်ငံသို့ နယ်မြေများကို ပေးရန်ဆန္ဒရှိနေသည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် ကိပ်ကဲလော့ ကပြောကြောင်း သိရသည်။ ယူကရိန်းအစိုးရအနေဖြင့် ရုရှားနိုင်ငံက ထိန်းချုပ် ထားသော ခရိုင်းမီးယားဒေသ အပါအဝင် အခြားသောဒေသလေးခုကိုပါ ရုရှားနိုင်ငံပိုင်အဖြစ် သဘောထားပေးလို ကြောင်း၊ သို့သော် တရားဝင်ထုတ်ပြန်မှုကိုမူ လုပ်ဆောင်မည်မဟုတ်ကြောင်း ကိပ်ကဲလော့ က ဆက်ပြောသည်။ ထို့ပြင် ရုရှားထိန်းချုပ်ထားသောနယ် မြေများကို ယူကရိန်းကစွန့်လွှတ်ကြောင်း ရုရှား၏တောင်းဆိုချက် အပေါ် အမေရိကန်က လက်ခံနိုင်ခြင်းရှိ၊ မရှိနှင့်ပတ်သက်၍ Fox News သတင်းဌာနကမေးမြန်းရာ ၎င်းတို့အနေနဲ့ လက်ခံနိုင်ကြောင်း ကိပ်ကလော့ က ပြောသည်ဟု သတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် ယူကရိန်းဘက်က လက်ရှိရုရှား ထိန်းချုပ်ခံနယ်မြေများတွင် ရုရှားကို နေရာစေပြီး အပစ်အခတ်ရပ်စဲရေးကိုအလိုရှိနေကြောင်း ၎င်းကပြောသည်ဟု RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။

02 May

ADVERTISE HERE .