“စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန် ဒေါ်လာ ၃၈ သန်း ရောင်းချပေးမည်"
02 May
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၃၈ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာထားပါတယ်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်း ပြန်လည်မြင့်တက်လာချိန်တွင် ဗဟိုဘဏ်ကအခုလို ထုတ်ရောင်းပေးခြင်းဖြစ်ပါတယ်။ ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ယခုဘဏ္ဍာနှစ်အစမှ ဧပြီလ ၂၂ ရက်အထိ အမေရိကန် ဒေါ်လာ ၅၅ သန်း ရောင်းချပေးထားပြီးဖြစ်ပါတယ်။ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေး အရန်ဆီနှစ်ပတ်စာခန့် သိုလှောင်ထားပြီး အရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ခဲ့သောကြောင့် သင်္ကြန်အပြီးကာလ စက်သုံးဆီဈေးနှုန်းကျဆင်းခဲ့ပြီး ယခုရက်သတ္တပတ်တွင်မူ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ၉၂ တစ်လီတာ ၂,၈၀၅ ကျပ်၊ ၉၅ တစ်လီတာ ၂,၈၆၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂,၄၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃,၀၁၀ ကျပ်သို့ အနည်းငယ်ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ (NVS 004)