"တရုတ်နိုင်ငံမှ မေးခိုင်ကာကွယ်ဆေးနှင့်ကာလဝမ်းရောဂါကာကွယ်ဆေးများ ပေးပို့လှူဒါန်း"

28 Apr

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများတွင်နေထိုင်သူများအတွက် မေးခိုင်ကာကွယ်ဆေးနှင့် ကာလဝမ်းရောဂါ ကာကွယ်ဆေးများကို တရုတ်နိုင်ငံမှ ဧပြီလ ၂၆ ရက်က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာအကူအညီအဖြစ် (၉) ကြိမ်မြောက် ပေးပို့လှူဒါန်ခဲ့တာ ဖြစ်ပြီး အဆိုပါဆေးဝါးများကို ရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ကြီးဌာန ဗဟိုအအေးခန်းဂိုထောင်သို့ ပို့ဆောင်ကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၏ သံမှူး Mr.Ouyang Daobing က ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှ (၉) ကြိမ်မြောက်အဖြစ် ပေးပို့လှူဒါန်းတဲ့ ပစ္စည်းများမှာ မေးခိုင်ကာကွယ်ဆေး ၆၈,၀၀၀ လုံး၊ အရွယ်ရောက်သူများအတွက် ကာလဝမ်းရောဂါကာကွယ်ဆေး ၅၇၀,၀၀၀ လုံး၊ ကလေးများအတွက် ကာလဝမ်း ရောဂါကာကွယ်ဆေး ၇၇,၉၁၀ လုံးတို့ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

28 Apr

ADVERTISE HERE .